For a better experience please change your browser to CHROME, FIREFOX, OPERA or Internet Explorer.

Yangon Cleaning Service

  • Posted: 09/25/2021
  • Views: 30
    • Yangon Cleaning Service
    Phone number:
    09951167699
    ဖော်ပြချက်
    စျေးနှုန်း : Price On Call
    Date : 09/25/2021
    တည်နေရာ : North Okkalapa
    လူကြီးမင်းတို့ရဲ့ အိမ်ခန်း၊ ရုံးခန်း အတွင်းအပြင်တွေကို သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေကို Yangon Cleaning Serviceမှာ ရယူနိုင်ပါပြီ …
    —————————
     “ Yangon Cleaning service”   မှာ ရရှိနိုင်တဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုအမျိုးအစား (၁၁) မျိုး
    ✅ ၁။ Daily Cleaning or General Cleaning
    • အိမ်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်းတွေကို ပုံမှန်အခြေခံ သန့်ရှင်းရေးပြုလုပ်ပေးမယ့် ဝန်ဆောင်မှု အမျိုးအစားဖြစ်ပါတယ်။
    • အလုပ်ကိစ္စတွေနဲ့ စိတ်ဖိစီးပြီး နေ့စဉ် သန့်ရှင်းရေးအတွက် ခေါင်းမရှုပ်ချင်တဲ့ လူကြီးမင်းတို့အတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် အဆင့်မြင့် နည်းပညာတွေ သုံးပြီး ကြမ်းခင်းတွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ နံရံနဲ့ မျက်နှာကျက် တွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ပရိဘောဂတွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ရေချိုးခန်း အိမ်သာနဲ့ မီးဖိုချောင်တွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ပစ္စည်းများကို နေရာတကျ သပ်သပ်ရပ်ရပ် ထားရှိပေးခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် လူကြီးမင်းတို့ရဲ့ အိမ်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်း တွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရရှိစေမှာ ဖြစ်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းပြီး ကျန်းမာရေးကောင်းကျိုးတွေလည်း ရရှိနိုင်မယ့် ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ရုံးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကို နေ့စဉ် (သို့မဟုတ်) အပတ်စဉ် (သို့မဟုတ်) လစဉ် ရယူသင့်ပါတယ်။ တစ်လကို ဘယ်နှစ်ကြိမ်ရယူသင့်တယ်ဆိုတာကို Yangon Cleaning Service ကို မက်ဆေ့ပို့ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
    —————————
    ✅ ၂။ Deep Cleaning
    • ပုံမှန်သန့်ရှင်းရေးနဲ့ မတူဘဲ အိမ်ခန်း၊ ရုံးခန်းတွေကို ခေတ်မီစက်ပစ္စည်း၊ Chemical ပစ္စည်းတွေကို အသုံးပြုပြီး အကြမ်းချွတ်နည်းလမ်းနဲ့ အသေးစိတ် သန့်ရှင်းရေး ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။
    • လူမနေတာကြာပြီး၊ သန့်ရှင်းရေး ပုံမှန် လုပ်လေ့မရှိတဲ့ အိမ်ခန်းနဲ့ ရုံးခန်းတွေ၊ ကားပါကင်နဲ့ ရေညှိတွေကို သန့်ရှင်းရေး ပြုလုပ်ချင်တဲ့ လူကြီးမင်းတို့အတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် အခန်းထောင့်နဲ့ နံရံတွေမှာရှိတဲ့ ဖုန်မှုန့် ကြပ်ခိုး ပင့်ကူအိမ်တွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ အဲကွန်း Filter တွေနဲ့ အဝတ်လျှော်စက်တွေကို သန့်ရှင်းပေးခြင်း၊ ထိုင်ခုံ ဆိုဖာ ပရိဘောဂနဲ့ မီးဆိုင်းတွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ပြတင်းပေါက်နဲ့ တံခါးတွေ အတွင်းက အညစ်အကြေးတွေကို သန့်ရှင်းပေးခြင်း၊ ပြတင်းပေါက် မှန်တွေကို တောက်ပြောင်အောင် ပြုလုပ်ပေးခြင်း၊ ကြမ်းခင်း ကြွေပြား ကော်ဇောတွေကို သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ရေချိုးခန်းနဲ့ မီးဖိုချောင်အတွင်းက ပစ္စည်းတွေကို တောက်ပြောင်တဲ့အထိ အသေးစိတ် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် လူကြီးမင်းတို့ရဲ့ အိမ်ခန်း၊ ရုံးခန်း၊ ဆိုင်ခန်း တွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရရှိစေမှာ ဖြစ်ပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ မှိုနဲ့ ဘက်တီးရီးယား ပေါက်ဖွားမှုတွေကိုလည်း ကင်းဝေးစေမှာ ဖြစ်ပြီး၊ အဆောက်အဦး ပရိဘောဂတွေရဲ့ အရည်အသွေးကိုလည်း ကြာရှည်ခိုင်ခံ့စေမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကို (၃) လတစ်ကြိမ် (သို့မဟုတ်) (၆) လတစ်ကြိမ် ရယူသင့်ပါတယ်။ အကျယ်အဝန်းနဲ့ ညစ်ပတ်မှုအပေါ် မူတည်ပြီး ကုန်ကျစရိတ်ကို တွက်ချက်ရတာဖြစ်ပါတယ်။
    —————————
    ✅ ၃။ Contract Cleaning
    • စီးပွားရေး လုပ်ငန်းတွေအတွက် သန့်ရှင်းရေးပိုင်းမှာ ကုန်ကျစရိတ် ခြွေတာနိုင်မယ့် ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ရုံးခန်း၊ ဆိုင်ခန်း၊ ကျောင်း၊ စားသောက်ဆိုင်တွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ ပုံမှန် သန့်ရှင်းရေး ပြုလုပ်ချင်သူ လူကြီးမင်းတို့အတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် အဆင့်မြင့် စက်တွေကို အသုံးပြုပြီး ကျွမ်းကျင်ဝန်ထမ်းတွေက သန့်ရှင်းရေး ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ Yangon Cleaning Service  ရဲ့ ဝန်ဆောင်မှုတွေကို ကုန်ကျစရိတ် အသက်သာဆုံးနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် လူကြီးမင်းတို့ရဲ့ အလုပ်နေရာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေကောင်းလေသန့်တွေ ရရှိနေမှာဖြစ်ပြီး ရုံးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ သန့်ရှင်းရေးပိုင်းအတွက် စီမံခန့်ခွဲရတဲ့ စိတ်ဖိစီးမှုကင်းဝေးစေတဲ့အပြင် ကုန်ကျစရိတ်တွေ သက်သာစေမှာ ဖြစ်ပါတယ်။
    • စီးပွားရေး လုပ်ငန်းများအနေနဲ့ ဒီဝန်ဆောင်မှုကို ရယူထားသင့်ပါတယ်။ အသေးစိတ် ကုန်ကျစရိတ်ကို အခမဲ့ တွက်ချက်ပေးသွားမှာ ဖြစ်ပါတယ်။
    —————————
    ✅ ၄။ Carpet Shampooing
    • ကော်ဇောပေါ်က အညစ်အကြေး ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကို အဆင့်မြင့်စက်တွေ အသုံးပြုပြီး သန့်ရှင်းရေး ပြုလုပ်ပေးသွားမယ့် ဝန်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။
    • ညစ်ပတ်နေတဲ့ ကော်ဇောတွေကို သန့်ရှင်းရေး ပြုလုပ်ချင်သူ လူကြီးမင်းတို့အတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာ ဆိုရင် မိုးရာသီမှာ ဖြစ်တတ်တဲ့ ကော်ဇောပေါ်က မှို၊ ဘက်တီးရီယားနဲ့ ပိုးမွှားတွေကို အဆင့်မြင့် နည်းပညာနဲ့ ဖယ်ရှားသန့်ရှင်းပေးသွားမှာဖြစ်ပါတယ်။ ကော်ဇောပေါ်မှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကိုလည်း သန့်ရှင်းပေးသွားမှာဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ လေထုကို ရရှိစေမှာ ဖြစ်ပြီး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်ကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ အအေးမိ ဖျားနာခြင်းအန္တရာယ်ကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကို မိုးရာသီ မတိုင်ခင်၊ မိုးရာသီအတွင်းနဲ့ မိုးရာသီ အပြီး အချိန်တွေမှာ ရယူသင့်ပါတယ်။
    —————————
    ✅ ၅။ Sofa Cleaning or Mattress Cleaning,
    • Sofa​ or Mattress​တွေကို တောက်ပြောင်ပြီး ကြာရှည်ခံအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်
    Sofa or Mattressမှာရှိတယ်ဂျီးကွက်တွေ
    အညစ်အကျေးများဖယ်ရှားပြီးဖြူဖွေးအောင်ပြုလုပ်ပေး ခြင်းဖြစ်ပါတယ်
    • ဒီဝန်ဆောင်မှုရဲ့ အသေးစိတ်အတွက် GGGC ကို မက်ဆေ့ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
    —————————
    ✅ ၆။ Floor Coating
    • ကြမ်းပြင်ပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး Polishing & Waxing ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။
    • အဆောက်အဦးအတွင်းက ကြမ်းပြင်တွေကို သန့်ရှင်းတောက်ပြောင်စေချင်သူတွေအတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် ကျွမ်းကျင် ဝန်ထမ်းတွေက ကြမ်းပြင်ပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး Polishing & Waxing ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် ကြမ်းပြင်က ထင်မှတ်မထားလောက်အောင် တောက်ပြောင်နေမှာ ✨ ဖြစ်ပါတယ်။ Polishing ပြုလုပ်ထားတာကြောင့် ကြမ်းပြင်ကို သန့်ရှင်းရေးပြုလုပ်ချိန်မှာ ပုံမှန်ထက် ပိုမိုလွယ်ကူသွားစေမှာပဲ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုရဲ့ အသေးစိတ်အတွက် GGGC ကို မက်ဆေ့ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
    —————————
    ✅ ၇။ Post Construction
    • ဆောက်လုပ်ပြီးခါစ အဆောက်အဦးတွေကို သန့်ရှင်းရေး ပြုလုပ်ပေးသွားမယ့် ဝန်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။
    • ပြင်ဆင် ဆောက်လုပ်ပြီးခါစ အဆောက်အဦး၊ တိုက်ခန်း၊ ရုံးခန်း နေရာတွေကို သန့်ရှင်းရေး ပြုလုပ်ချင်တဲ့ လူကြီးမင်းတို့အတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် ဆောက်လုပ်ပြီးခါ အဆောက်အဦးအတွင်းက ဖုန်၊ ဘိလပ်မြေမှုန့်၊ အညစ်အကြေး၊ စွန့်ပစ်ပစ္စည်း အစအနတွေကို ဖယ်ရှား သန့်စင်ပေးသွားမှာ ဖြစ်ပါတယ်။
    • ဒီ ဝန်ဆောင်မှုကြောင့် ဆောက်လုပ်ရေး အညစ်အကြေးတွေကို ဖယ်ရှားနိုင်ပြီး ဘေးကင်းလုံခြုံ စိတ်ချရတဲ့ နေရာလေးကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုရဲ့ အသေးစိတ်အတွက် GGGC ကို မက်ဆေ့ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
    —————————
    ✅ ၈။ Housekeeping
    • စနစ်တကျ လေ့ကျင့်သင်ကြားထားတဲ့ ဝန်ထမ်းတွေက Housekeeping ဝန်ဆောင်မှု ပေးသွားမယ့် အမျိုးအစား ဖြစ်ပါတယ်။
    • ဟော်တယ်၊ ကွန်ဒို၊ Service Apartment ၊ Guest Room ၊ Public Area တွေကို သန့်ရှင်းလိုသူတွေအတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် မီးပူတိုက်ပေးခြင်း၊ အိပ်ယာခင်းပေးခြင်း၊ ရေချိုးခန်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း အစရှိတဲ့ Housekeeping ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် လူကြီးမင်းတို့ ပင်ပင်ပန်းပန်းအလုပ်မှ ပြန်လာတဲ့အခါ အနားယူနိုင်ဖို့ သန့်ရှင်းသပ်ရပ်ပြီး နေချင့်စဖွယ် အိမ်ခန်းလေးက လူကြီးမင်းတို့ကို စောင့်ကြိုနေမှာပါ။
    • ဒီဝန်ဆောင်မှုရဲ့ အသေးစိတ်အတွက် Yangon Cleaning Service  ကို မက်ဆေ့ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
    —————————
    ✅ ၉။ Upholstery Cleaning
    • ဆိုဖာ၊ ထိုင်ခုံတွေမှာ ကပ်ငြိနေတတ်တဲ့ အမွှေးအမျှင်နဲ့ အညစ်အကြေးတွေကို သန့်ရှင်းရေး ပြုလုပ်ပေးသွားမယ့် ဝန်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။
    • ပရိဘောဂ၊ အိပ်ယာ၊ ဆိုဖာ ထိုင်ခုံတွေကို သန့်ရှင်းရေး ပြုလုပ်လိုတဲ့ လူကြီးမင်းတို့အတွက် အထူးသင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် ပရိဘောဂပစ္စည်းတွေကို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ vacuuming and brushing ပြုလုပ်ပေးခြင်းတွေ ပါဝင်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် ပရိဘောဂတွေကို သန့်ရှင်း သပ်ရပ်သွားစေပြီး ကျန်းမာရေး ကောင်းကျိုးတွေလည်း ရရှိစေမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုရဲ့ အသေးစိတ်အတွက် Yangon Cleaning Service  ကို မက်ဆေ့ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
    —————————
    ✅ ၁၀။ Disinfectant Service
    • မမြင်ရတဲ့ ရောဂါပိုး၊ 🦠 ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုတွေကို ပိုးသတ်ပေးတဲ့ ဝန်ဆောင်မှု အမျိုးအစား ဖြစ်ပါတယ်။
    • ကျန်းမာရေးအရ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်ကို ပိုင်ဆိုလိုသူတွေအတွက် အထူး သင့်တော်တဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုမှာဆိုရင် ကျွမ်းကျင်ဝန်ထမ်းတွေက လိုအပ်တဲ့ အရာတွေကို သေချာပြင်ဆင်တွက်ချက်ပေးပြီး ပိုးသတ်ဆေး ဖြန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
    • ဒီဝန်ဆောင်မှုကြောင့် ဘေးကင်းလုံလုပ်ငန်းရှကျန်းမာရေးအရ စိတ်ချရတဲ့ လုပ်ငန်းခွင် တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပိုးသတ်ပြီး မိနစ် (1နာရီ) အကြာမှာ စိတ်အေးချမ်းစွာနဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
    • ကိုဗစ်ကာလအတွင်း ပြန်လည် ဖွင့်လှစ်မယ့် ရုံးခန်း၊ သင်တန်း အစရှိတဲ့ နေရာတွေမှာ ဒီဝန်ဆောင်မှုကို ရယူသင့်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် အထူး ဈေးနှုန်းတွေလည်း ရှိတာကြောင့် Yangon Cleaning Serviceကို မက်ဆေ့ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။
     
    ၁၁။အိမ်ပြောင်းအိမ်ရွှေ့ ဝန်ဆောင်မူ
    အိမ်များ,ရုံးခန်းများ,ဈေးဆိုင်များ,ပြောင်းရွေ့မူလိုအပ်ရင်ရန်ကုန်သန့်ရှင်းရေးဝန်ဆောင်မူမှာလုပ်ဆောင်ပေးနေပါသည်။
    —————————
    📌 Yangon မြို့မှာ Cleaning Service နဲ့ ပတ်သက်ရင် Yangon Cleaning Services  ကိုသာ ဆက်သွယ်လိုက်ပါ …
    သန့်ရှင်းရေးများကိုမြို့တွင်း/နယ်ဝေးအထိသွားလုပ်ကိုင်ပေးနေပါသည်
    ☎ 09 951167699
    ☎ 09 693247489
    ————————
    အိမ်အမှတ်(708),နွယ်သာကီ(1)လမ်း,မြောက်ဥက္ကလာပမြို့နယ်

     

     


    Safety tips for deal
    1. Use a safe location to meet the seller
    2. Avoid online transactions
    3. Beware of unrealistic offers
    Similiar Ads
    my_MM